မိုမိဂျိခရီးစဉ်

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်။



အခုအချိန်ဟာ ဆောင်းဦးရာသီဖြစ်လို့ ဂျပန်နိုင်ငံမှာ တောတောင်သဘာဝတွေဟာ အရမ်းကို လှပလာပါသည်။ ဒီနိုင်ငံမှာတွေ့ရတဲ့ မိုမိဂျိဆိုတဲ့ မေပယ်လ်ရွက်တွေဟာ ဒီအချိန်မှာ အရောင်စပြောင်းတတ်လို့ အပင်ကြည့်သူတွေနဲ့ အရမ်းကိုစည်ကားတတ်တဲ့အချိန်တစ်ခု ဖြစ်သည်။ ကျွန်တော်တို့ အိုဆာကာကျောင်းသားတစ်စုလည်း Volunteer အုပ်စုနဲ့အတူတူ ဒီမိုမိဂျိခရီးလေးကို စထွက်ဖြစ်ခဲ့ပါသည်။

မိုမိဂျိအရွက်တွေဟာ အရောင်စပြောင်းလာတဲ့အခါမှာ အနီရောင်ကိုပြောင်းလာတတ်ပါသည်။ ရှုခင်းအလှအပက နေ့နဲ့ညကွာခြားတတ်လို့ ညအခါမှာ ပိုမိုလှပတယ်လို့ ဆိုကြပါသည်။ ဒါကြောင့် ကျွန်တော်တို့ခရီးစဉ်ကို ညနေခင်း ၃ နာရီလောက်မှာ စတင်ထွက်ခွာလာခဲ့ပါသည်။ သွားမယ့်နေရာကတော့ ကျိုတိုဆီကိုပါ။

၁ နာရီသာသာလောက် ရထားစီးပြီးတဲ့နောက်မှာ ကျိုတိုမြို့ကို ဆိုက်ရောက်လာသည်။ ဂျပန်နိုင်ငံရဲ့ ရှေ့ဟောင်းမြို့တော်ဖြစ်ခဲ့တဲ့ ကျိုတိုဟာ ရှေ့ဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးနေခဲ့ပါသည်။ ကျွန်တော်တို့ သွားမည့်နေရာက kiyomizu temple ဆိုတဲ့ ဗုဒ္ဓဘာသာဘုံကျောင်းတစ်ခုပါ။ တောင်တွေရဲ့ အပေါ်မှာ တည်ထားတဲ့ ဒီကျောင်းကနေတဆင့်ကြည့်လိုက်ရင် ပတ်ဝန်းကျင်တခွင်လုံး မိုမိဂျိအရွက် အနီရောင်တွေနဲ့ လျှမ်းလျှမ်းတောက်နေတာကို မြင်တွေ့ရမှာပါ။ ဒီနေရာကနေပြီးတော့လည်း ကျိုတိုမြို့တခွင်ကို လှမ်းမြင်နေရပါသည်။ ညအခါဖြစ်သည့်အတွက် ညအလှကတော့ တကယ့်ကိုလှပနေခဲ့သည်။

အချိန်စောသေး၍လားမသိ။ မိုမိဂျိများအားလုံး အရောင်မပြောင်းသေးပါ။ တ၀က်တပျက်နီနေသော အပင်များ၏ အလှကိုလာရောက်ကြည့်ရှုသူတွေများလွန်းသဖြင့် ကျွန်တော်တို့နိုင်ငံက ဘုရားပွဲဈေးတန်းကို သတိရမိပါသည်။ ကျွန်တော်ကတော့ မိုမိဂျိထက် ခိရောမိဇု ဘုံကျောင်းကို ပိုမိုစိတ်ဝင်စားသည့်အတွက် ဒီအကြောင်းကို ပိုမိုလေ့လာမိပါသည်။ နိုင်ငံခြားကျောင်းသားများကတော့ သူတို့နိုင်ငံတွင် ကျောင်းတက်စဉ်ကတည်းက ဒီဘုံကျောင်းအကြောင်းကို အသေးစိတ်သင်ယူရသည်ဟုဆိုသည့်အတွက် နာမည်အလွန်ကြီးကြောင်း သတိပြုမိပါသည်။ သို့သော်လည်း မြန်မာနိုင်ငံသားကျွန်တော်ကတော့ တခါမှပင် မကြားဖူးသည့်အတွက် ဒီအကြောင်းကို လေ့လာဖို့ ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်လေ့လာတွေ့ရှိသလောက် တင်ပြပေးလိုက်ရပါသည်။

ဒီဘုံကျောင်းကို စတင်တည်ထောင်ခဲ့တာကတော့ ဟဲအိအန်းခောတ်အစောပိုင်း၊ သက္ကရာဇ် ၇၉၈ ခုနှစ်ဖြစ်သည့်အတွက် အလွန်ကို ရှေးကျနေပြီဖြစ်သည်။ ယခုလက်ရှိ အဆောက်အအုံကိုတော့ ၁၆၃၃ ခုနှစ်မှာ ပြန်လည်တည်ဆောက်ခဲ့သည်။ ခိရောမိဇုဆိုသည့် အဓိပ္ပါယ်ကတော့ သန့်ရှင်းကြည်လင်နေသောရေ ဆိုသော အဓိပ္ပါယ်ရှိသည်။ ဒီဘုံကျောင်းကို သံတစ်ချောင်းမှ မပါပဲ တည်ဆောက်ခဲ့သည်ဟု လေ့လာမိသည့်အတွက် ကျွန်တော်တို့ နိုင်ငံက မန္တလေးမြို့ ဦးပိန်တံတား (မန္တလေးမှာပဲ သံတစ်ချောင်းမှမပါပဲတည်ထားတဲ့ ကျောင်းတစ်ဆောင်ရှိပါသည်.. မမှတ်မိတော့ပါ..) ကို မျက်လုံးထဲ ကွက်ကနဲ ပြေးမြင်မိသည်။

အဲဒိုခောတ်မှာ ဒီဘုံကျောင်းကို များစွာသော ဘုရားဖူးများအတွက် ၀ရန်တာအကျယ်ကြီးဖြစ်အောင် ပြန်လည်တည်ဆောက်ခဲ့သည်။ သူငယ်ချင်းတစ်ယောက်ရှင်းပြသည့် ဒီဘုံကျောင်းပေါ်မှ ခုန်ချခြင်းကို နားလည်အောင် ဘယ်လိုကြိုးစားနားထောင်ပေမယ့် နားမလည်သည့်အတွက် ကိုယ်တိုင်ပဲ အင်တာနက်ပေါ်မှာ လေ့လာမိခဲ့သည်။ ဒီဘုံကျောင်းမှာ ၁၃ မီတာမြင့်တဲ့ စင်တစ်ခုရှိပါသည်။ အဲဒိုခောတ်ရဲ့ ထုံးတမ်းအရ ဒီစင်ပေါ်ကနေ ခုန်ချလိုက်လို့ အသက်ရှင်သန်ခဲ့မယ်ဆိုရင် တောင်းသမျှဆုတွေ ပြည့်သတဲ့။ အဲဒိုခောတ်ရဲ့ မှတ်တမ်းအရ ခုန်ချမှုပေါင်း ၂၃၄ ခုရှိခဲ့ပြီး ၈၅.၄% အသက်ရှင်တယ်လို့ဆိုပါသည်။ အခုအခါမှာတော့ ဒီလိုလေ့ကျင့်ခြင်းကို တားမြစ်ထားပါသည်။

၁၉၉၄ ခုနှစ်မှာ ဒီဘုံကျောင်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်များစာရင်းဝင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့အံဖွယ်အသစ်များစားရင်းထဲမှာ နောက်ဆုံးဇကာတင် ၂၁ ခုစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိတ်ဆုံး ၇ ခုထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ ဒီတောင်ပတ်လမ်းတလျှောက် အပင်ကြည့်ရင်း ဓါတ်ပုံရိုက်ရင်းနဲ့ ၂ နာရီလောက် အချိန်ကုန်ခဲ့အပြီး အပြန်လမ်းမှာ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဆင်းတုတော်နဲ့ အရမ်းကို တူလွန်းတဲ့ ဆင်းတုတော်တစ်ဆူတွေ့လို့ အလုအယက် ဓါတ်ပုံရိုက်မိရင်း ဂျပန်နိုင်ငံမှာ ထေရ၀ါဒရော မဟာယနပါ ရောပြွန်းနေတယ်ဆိုတဲ့စကားကို ကြားယောင်လိုက်မိပါသည်။ အခုအောက်မှာတော့ ကျွန်တော် လေ့လာမှတ်တမ်းတင်မိသမျှ ဓါတ်ပုံတွေကို ဝေမျှလိုက်ပါသည်။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS
Read Comments

9 Response to "မိုမိဂျိခရီးစဉ်"

  1. ဆောင်းနှင်းရွက် says:
    November 15, 2009 at 1:45 PM

    သံတစ်ချောင်းမှ မပါဘဲ
    ဆောက်ထားတဲ့
    မန္တလေးက ကျောင်းတစ်ဆောင် နာမည်က..
    ရွှေကျောင်းကြီး လို့ ထင်ပါတယ် ...
    နန်းတွင်း နားမှာရှိပါတယ် ...
    (မသေချာပါ .. မှားရင်လည်းမှားနိုင်ပါတယ်) ..

  2. flowerpoem says:
    December 6, 2009 at 6:13 PM

    ခရီးအကြောင်းလာဖတ်ပါတယ် ဂျပန်လေးရေ (ရင်ဖွင့်ရာ) ကိုဝင်လို့မရဘူး ဘာလို့လည်း သိဘူးနော်

  3. khin oo may says:
    December 6, 2009 at 10:21 PM

    အရင်ကောင်ကလေး ဘလော့ကိုဘာလို့ပိတ်ထားတာလဲ။

  4. Anonymous Says:
    December 10, 2009 at 7:35 PM

    すごいね
    私も大阪に住んでいましたよ。
    今滋賀です。
    日本語でごめんなさいね

  5. Anonymous Says:
    December 10, 2009 at 7:42 PM

    အိုဆာကာ မှာဆို တော့  နီးနီးလေးပဲ
    ကျိုတိုမှာ တို့  မြန်မာကျောင်းသားမောင်နှမတွေ တွေ့  ကြမှာ လေ သိလား
    ဖိတ်ပါတယ်
    ခုလို စာလေးတွေ ရေးပြီးမှတ်တမ်းတင်ထားနိင်တာ အားပေးပါတယ်
    နောက်ထပ်ကျောင်းသားတွေ ရှိရင်လည်းဖိတ်လိုက်ပါ
    အရင်တူုန်းက ဂျပန်မြန်မာ ချစ်ကြည်ရေးအသင်းက ဦးစီးပြီးမြန်မာကျောင်းသားရော အချင်းချင်းသိရတယ် ကျောင်းသားတွေလောက်ပဲ ရှိတဲ့  ကန်ဆိုင်းနယ် မှာ မြန်မာကျောင်းသားတွေအနေနဲ့  ဘာလုပ်ပေးနိင်မလည်းဆိုတာလေးတွေပေါ့ 

  6. Anonymous Says:
    December 12, 2009 at 9:52 AM

    အမည်မသိရေးသူခင်ဗျာ... တွေ့ဆုံပွဲကို ဖိတ်ပြီးတော့ ဘာလိပ်စာမှလည်း ချန်မထားတော့ ဘယ်လိုလာရမှန်းကိုမသိပါ.... ဖြစ်နိုင်ရင် တခုခုချန်ခဲ့ပေးပါ.. မေးလ်လိပ်စာဖြစ်ဖြစ်ပေါ့...း)

    ဂျပန်ကောင်လေး

  7. Unknown says:
    December 19, 2009 at 10:00 PM

    တွေ့  ဆုံတာက တော့  ပြီးသွားပါပီ
    လူနဲ့  နာမည် နဲ့  မတွဲ မိတာ လည်း ဖြစ်မှာဆိုးလို့  ပါ
    ကန်ဆိုင်းနယ်မှာ တို့ တွေ ဘယ်နှစ်ယောက်ရှိကြလည်းစာရင်းလည်းလုပ်ချင်လို့  ပါ
    မသိသေးတဲ့  သုတွေလည်း အချင်းချင်း သိကြရအောင်ပါ
    omihachiman ကို လာတဲ့  သူဆိုရင်တော့  အမမှာစာရင်းရှိမယ် ထင်တယ်
    shinnnekai လေးလုပ်ကြရင်ကောင်းမလားလို့  စဉ်းစားနေကြပါတယ်

  8. ကဗျာဦး says:
    March 2, 2010 at 6:10 AM

    စာကြွေးတွေလာဖတ်တယ်

  9. Anonymous Says:
    January 21, 2011 at 3:56 PM

    A. I am new reader.I also like momiji.大好き もみじは。
     

Post a Comment